Posted by: Zhu Zhu | March 19, 2012

Dragon Vale

Dragon ValeDragon Eggs

ဂိမ်းမရေးရတာ ကြာပေါ့…. ကဲ ဒီတစ်ခါတော့ ရေးလိုက်ဦးမယ်….

ဒီတစ်ခေါက်မိတ်ဆက်ပေးမဲ့ ဂိမ်းလေးကတော့ ကလေး၊ လူကြီးမရွေး ဆော့လို့ရတဲ့ ဂိမ်းမျိုးလေးနဲ့ မိတ်ဆက်ပေးပါရစေ….. နွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့ အပျင်းပြေစေဖို့နဲ့…. ကိုကို မမကြီးတွေ မပျင်းရစေဖို့ ဂိမ်းကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…. ဒီဂိမ်းက မခက်တာကြောင့် game skill မရှိသူတွေတောင် ဆော့လို့ရပါတယ်… game လေးရဲ့နာမည်ကတော့ dragonvale လို့ခေါ်ပါတယ်…. နဂါးမွေးရတဲ့ ဂိမ်းလေးပါ… how to train your dragon ကားထဲကလို့မျိုး နဂါးလေးတွေကို မွေးရတာပါ…. ဒါပေမဲ့ ဂိမ်းထဲက နဂါးအမျိုးအစား ပိုစုံပါတယ်…. နဂါးလေးတွေကို သူတို့နေထိုင်ရနေရာ နဲ့ ကိုက်အောင် သူတို့နေတဲ့နေရာလေးတွေ (Habitat) ဆောက်ပြီးမွေးပေးရပါတယ်… နဂါးမျိုးလေးတွေကတော့ စုံလို့ မီးနဂါး၊ ရေနဂါး၊ မြေနဂါး၊ ရေခဲနဂါး၊ မိုးကြိုးနဂါး၊ နေနဂါး၊ လနဂါး၊ သက်တန့်နဂါး၊ လေနဂါး စသဖြင့်စုံစုံလင်လင် မွေးလို့ရပါတယ်… မီးနဂါးဆိုလဲ မီးနေရာ၊ ရေနဂါးဆိုလဲ ရေကန် စသဖြင့် ဆောက်ပြီး မွေးရပါတယ်…. နောက်ပြီး နဂါးလေးတွေကို level တက်အောင် အစားကျွေးရပါတယ်… အဲဒီအစာတွေကို စိုက်တဲ့နေရာလဲ ဆောက်ပေးရပါတယ်…. နောက်ပြီး ကျွန်းလေးလိုနေရာမျိုးမှာ နဂါးမွေးရတယ်ဆိုတော့ ဒီကျွန်းပြည့်တယ်… level တက်တယ်ဆိုရင် နောက်ထပ်ကျွန်းတွေလည်း ထပ်ဝယ်လို့ရပါသေးတယ်…. နောက်ပြီးတော့ နဂါးလေးတွေကို ဟိုအမျိုးနဲ့ ဒီအမျိုး သားစပ်လို့ရပါတယ်…. သားစပ်ဖို့အတွက်လဲ breeding cave လေးကိုလည်း ဆောက်ပေးရပါသေးတယ်…. နဂါးတွေကို သားဖောက်လို့ရတဲ့ အပြင် နဂါးဥတွေကိုလည်း ဝယ်ယူသားဖေါက်နိုင်ပါတယ်…. သားဖေါက်ဖို့အတွက်လဲ သားဖေါက်တဲ့ အိမ်လေးသက်သက်ဆောက်ပေးရပါတယ်… နဂါးတွေကိုသားစပ်ပြီး သားဖေါက်တဲ့ အခါ ဘာနဂါးလေးတွေများ ထွက်လားမလဲလို့ရင်ခုန်ရတဲ့ feeling လေးကတစ်မျိုး မိုက်ပါတယ်…. နဂါးလေးတွေက ငယ်တုန်းကတော့ ချစ်ဖို့ကောင်းပေမယ့် level ကြီးလာတာနဲ့ အမျှ ရုပ်နဲနဲဆိုးလာပါတယ်…. ဒါပေမဲ့ စိတ်မပူပါနဲ့…. နဂါးတွေ level တက်သွားပေမယ့်လဲ ပြန်ပြီး နုပျိုသွားအောင် fountain of youth ဆိုတဲ့ဟာလေ ဆောက်လို့ရပါတယ်…. အဲဒီမှာ ထားလိုက်တာနဲ့ နဂါးတွေဟာ level တက်သွားပေမယ့်လည်း ငယ်ငယ်တုန်းက အတိုင်းပြန်နုပျိုပြီး ချစ်ဖို့ကောင်းနေတာကို တွေ့ရမှာပါ…. နောက်ပြီး ဒီgame ဟာ free ဆိုပေမဲ့ ထုံးစံအတိုင်း purchase လုပ်ရမယ့် အပိုင်းလေးတွေပါပါတယ်… purchase လုပ်ချင်တယ်ဆိုရင် Market ထဲမှာ ရှိတဲ့ Treasure ဆိုတာကိုရွေးလိုက်ပါ… ကဲ…. အဲ့ထဲမှာတော့ ဘာလိုချင်လဲ dragon cash လား? Treats လား? gams လား? ကြိုက်တာ ဝယ်လို့ရတယ်ဗျာ…. ဈေးနှုန်းတွေကလည်း သူပါသူ တခါတည်း သတ်မှတ်ထားပြီးသား… အဲ…. ဒါမဲ့ တစ်ခုတော့ ရှိတယ် အဲထဲရှိတဲ့စား အားလုံးဟာ iTune ကဒ်နဲ့ ဝယ်ရမှာဖြစ်ပါတယ်…. တကယ့် ပိုက်ဆံနဲ့ပေါ့ဗျာ… မဝယ်ချင်ဘူးဆိုလဲရတယ်… အဲဒါဆိုရင်တော့ အပင်စိုက်တဲ့အခါ၊ နဂါးသားဖေါက်တဲ့ အခါ၊ မျိုးစပ်တဲ့အခါတွေမှာ သတ်မှတ်ထားတဲ့ ကြားချိန်အတိုင်းစောင့်ရမှာပေါ့…. မစောင့်ချင်ဘူး ဆိုရင်တော့ gems တွေဝယ်ရမှာပေါ့…. gems သုံးပြီး အချိန်တွေကို မြန်လို့ရပါတယ်…. ကဲ… ဒါဆိုလို့ရှိရင် သိသင့်တဲ့ အကြောင်းအရာတော်တော်လေး စုံသွားပြီးမို့ စိတ်ဝင်စားရင် ဆော့ကြည့်စေချင်ပါတယ်…. free ဂိမ်းဖြစ်တဲ့ အတွက် ပိုက်ဆံကုန်စရာမလိုဘူး…. မဆော့ချင်လို့ ပြန်ဖျက်ချင်တယ်ဆိုလဲ နှမြောစရာမရှိပါဘူး…. ကဲ… နွေရာသီကျောင်းပိတ်ရက် မောင်လေး ညီမလေးတွေ သားသားမီးမီးတွေ တိရိစ္ဆာန်လေးတွေကို မွေးချင်ပေမဲ့ သူတို့ကို အချိန်မပေးနိုင်တဲ့ ကိုကိုမမတွေ အတွက် ဒီဂိမ်းကလေးကတော့ dragonvale တဲ့…. gameကတော့ online game ဖြစ်တဲ့အတွက်ကြောင့် ဆော့တဲ့ နေရာမှာတော့ internet wifi လေးတော့ရှိမှ ဖြစ်မယ်နော်…. Backflip Studio ကုမ္ပဏီက ထုတ်ထားဖြစ်ပြီးတော့ Feb22, 2010 မှ စတင်ဖြန့်ချိတာဖြစ်ပါတယ်…..
ဒီgame လေးမှာ ပါဝင်တွေကတော့…
– နဂါးမျိုးပေါင်းများစွားကိုဓျိုးစပ်၊ သားဖေါက်လုပ်နိုင်ခြင်း
– လေပေါ်မှာ ဆောက်ထားတဲ့ magic island
– နဂါးများကို သူတို့ရဲ့သက်ဆိုင်ရာ နေရာတွေကို ဆောက်ပေးနိုင်ခြင်း
– လှပတဲ့ လမ်းတွေနဲ့ decorations တွေနဲ့ သင့်ရဲ့ customer များကိုဆွဲဆောင်နိုင်ခြင်း
– နဂါးအစာအတွက် စိုက်ပျိုးရေးလုပ်တဲ့ အဆောက်အဦတွေ
– နဂါးများအတွက် The grand Colosseum
– လှပသော အမြင်ဆန်းတဲ့အရောင်များနဲ့ animation များ
– orginal Renaissance music soundtrack
– game center, facebook တို့မှာလဲ အခြားသူများဆောက်ထားတဲ့ ကျွန်းတွေကိုသွားလည်ပြီး လက်ဆောင်ပစ္စည်းတွေ ပို့လို့ရတယ်နော်
ဒီ game လေးရဲ့ requirement တွေကတော့…
Device: iPhone 3GS and later, iPod Touch (2nd Generation) and later and iPad
iOS: iOS 4.1 or later
Require Wifi: Yes
game size: 19MB

မှတ်ချက်…. ဤဂိမ်းဆောင်းပါးအား ကူယူဖော်ပြလိုပါက credit ပေးပေးပါရန်… သို့သော် ဤဆောင်းပါးအား အားလုံးအားဖြစ်စေ… တစ်စိတ်တစ်ပိုင်းသာဖြစ်စေ…. ခွင့်ပြုချက်မရှိဘဲ… ဂျာနယ်များသို့ပေးပို့ခြင်း၊ မဂ္ဂဇင်းများတွင် ဖော်ပြခြင်း၊ forum များတွင်တင်ခြင်း မပြုလုပ်ပါရန်… အထူး မေတ္တာရပ်ခံပါတယ်…..
Enjoy,
zhuzhu(mmitcity)


Leave a comment

Categories